Today Maubin News Agency

မအူပင်မြို့၏ ယုံကြည်စိတ်ချရသော သတင်းဌာန

ဒေသတွင်း၊ နိုင်ငံတကာ သတင်းများနှင့် အားကစားသတင်းများကို တိကျမှန်ကန်စွာ ပေးပို့ပေးနေပါသည်။

Scroll Down

နောက်ဆုံးသတင်းများ

မအူပင်မြို့ အ.ထ.က (၁)ကျောင်းအနီးအမှိုက်ပုံရှင်းလင်း

မအူပင်မြို့ အ.ထ.က (၁)ကျောင်းအနီးအမှိုက်ပုံရှင်းလင်း

ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အနောက်ဖက်တွင် စည်းကမ်းမဲ့အမှိုက်ပစ်သူများကြောင့်ဖြစ်ပေါ်နေသော အမှိုက်ပုံအား ယနေ့အောက်တိုဘာ (၂၄)ရက်နေ့ နေ့လည်ပိုင်းက ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် မအူပင်မြို့နယ် စည်ပင်သာယာရေးကော်မတီတို့မှ ပူပေါင်းကာ ရှင်းလင်းမှုများလုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

အောက်တိုဘာ - ၂၄
ပိုမိုသိရှိရန်
ထန်းပင်ကွေ့အရှေ့ ဆည်မြောင်းတာဘောင်ပေါ်ရှိ ကိုယ်ထူကိုယ်ထကွန်ကရစ်လမ်းပျက်စီး

ထန်းပင်ကွေ့အရှေ့ ဆည်မြောင်းတာဘောင်ပေါ်ရှိ ကိုယ်ထူကိုယ်ထကွန်ကရစ်လမ်းပျက်စီး

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ထန်းပင်ကွေ့အရှေ့ကျေးရွာအပါအဝင် ကျေးရွာများသို့ ဆက်သွယ်ထားသည့် ဆည်မြောင်းတာဘောင်လမ်းအား ကျေးလက်နေပြည်သူများမှ ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်း ခင်းထားသော်လည်း ငါးကန်လုပ်ငန်းရှင်များ၏ ငါးကားများမှာ အဆမတန်ကုန်များတင်ဆောင်သွားလာမှုကြောင့် လမ်းများပျက်စီးကာ ကျေးလက်နေပြည်သူများ ခရီးသွားလာရခက်ခဲနေကြောင်း ဒေသခံပြည်သူတစ်ဦးက Today Maubin News Agency သတင်းဌာနသို့ပြောသည်။

အောက်တိုဘာ (၂၁)
ပိုမိုသိရှိရန်
ဆန်စက်ဘွိုင်လာအိုးပေါက်ကွဲမှု

ဆန်စက်ဘွိုင်လာအိုးပေါက်ကွဲမှု ကြောင့် ဖျာပုံတွင် အမျိုးသားတစ်ဦး သေဆုံး

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ချောင်းတွင်းကျေးရွာအုပ်စုတွင် အောက်တိုဘာလ (၂၁)ရက်နေ့ နံနက်ပိုင်းကဆန်စက်ဘွိုင်လာအိုး ပေါက်ကွဲမှုဖြစ်စဉ် ကြောင့် မီး လောင်မှု ဖြစ်ပွား ပြီး အမျိုးသားတစ်ဦးသေဆုံးကာ (၄)ဦး ဒါဏ်ရာရရှိခဲ့ ကြောင်းသိရသည်။

အောက်တိုဘာ (၂၁)
ပိုမိုသိရှိရန်